Monday, May 17, 2010

မကုန်မဆုံးသိနိုင်ရေ အပုပ်ချိန် အပြုတ်ချိန်တိက
ဒုတ်တပြတ် ဒါးတပြတ်
အတ္တအစွယ် တလတ်လတ်နန့် 
မျော်လင့်ချက် ပြက္ခဒိန်တိကိုမွားစား
ရပ်တည်မှု ဗြားစားနီရေကာလမှာ
ဘောရိသာတ ဂေါင်းပေါင်းကိုပေါင်း
တဖက်စောင်း မျက်နှာစိမ်းနန့် 
ရက်လွန်အပြုံးတုတိကို လိမ်းကျံ
ဟန်ပြင်ခံ ချိုးကျကျဝတ်
ဒီဇိုင်းခတ်စကားတိ မပြတ်ဆို
ဝမ်းစာမလိုရေ အရုပ်ကြီးတစ်ရုပ် ။
*
ဘီယာကုလားထိုင်ထက် ငုတ်တုပ်ထိုင်
သူ့ အလုပ်စွာ စတိုင်ဆိုယင့်
အိုင်တိန် တခြင့်ခြင့်ခြင့်
“ ရက္ခိတ ” ဆိုစွာ ဇာယှင့်လဲ မီးရေသတ္တ၀ါ
ကိုယ်အဘာအမိ အမှန်းမသိရေသတ္တ၀ါ
ငါ ဇာသူဆိုစွာပင် မသိ
အဆင်ခြင်မဟိ မျက်စိနှိပ်ထားရေ သတ္တ၀ါ
ဖြားရွှန်းငါးပိုင် ရီပေါ်စား
ကပ်ဖားနှပ်ဖားခံ
ဖြားသတ်လမန် နှစ်ဖက်ခွန်
ဖေါက်ပြန်လွယ်ရေး သတ္တ၀ါ
အေသတ္တ၀ါတိကို
အသေအချာ ဆန်းစစ်
အမျိုးနွံမနစ်ဖို့  အလေးပြု
အမျိုးနွံမနစ်ဖို့  အလေးပြု...။။
*
နီရိုင်းနီ ( တောင်ရင်းကျွန်း )

No comments:

Post a Comment






ပန်းတောထဲမှာ
မျက်နှာဝှက်လျှက် ... စွန်ရဲငှက်ငယ်။
*
ကောင်းကင်တိမ်ထဲ ... ပျံတက်ရဲသည့်
ဇွဲသတ္တိတွေ ... ဘယ်ပျောက်နေသလဲ။
*
သားကောင်များကို ... တအားထိုးသုတ်
ခြေနှင့်ကုတ်ကာ ... တွန့် ဆုတ်မရှိ
သင့်သတ္တိတွေ ဘယ်ပျောက်နေသလဲ။
*
လေပြေဆင်တော့
သစ်ပင်ကြိုကြား ... တအောင့်နားပေါ့
အားမွေးနားယူ ... လုံ့ လထူပေါ့။
*
ပန်းကြွေတောမှာ
မိန်းမောတွေဝေ ... ငေးမနေနဲ့ 
တေပေလေလွင့် ... ဂုဏ်မတင့်ဘူး။
*
သင့်တကိုယ်လုံး ... ပန်းနံ့ ဖုံးကာ
အသုံးမကျဖြစ်ရတော့မယ်။
*
ဆက်နွယ်စဉ်းစား ... တိမ်ယံကြားမှာ
အားမာန်တင်း၍ ပျံပါဦး...။။
*******
သန္တာမြေ - မောင်ထွန်းနောင်


တချိန်တုန်းက
ငါ့ဘ၀ကို၊ သစ်ခြောက်အိုဟု
ဆိုကြသူများ၊ မုန်းစကားနဲ့ 
နားပြီးစွန့် ခွာသွားကြသည် ။
*
ဆိုပင်ဆိုလည်း
ငြိုငြင်မုန်းပွား၊ ငါမထားပါ
ငါ့အားငါ့အင်၊ ငါဖြစ်စဉ်က
ရေစင်ချိုမြ၊ ချိုးခဲ့ရလို့ 
ညိုလျအားငယ်၊ သောကလယ်၌
နွယ်းနယ်ပန်းလျ၊ တခဏ ။
*
အခုခါဆို သစ်ခြောက်အိုသည်
စိုစိုပြေပြေ၊ နုရွက်တွေနှင့်
ဝေေ၀ဆာဆာ၊ ဖူးပွင့်ပြာနှင့်
တင့်ကာဖွဲ့ ဖြိုး၊ အားသစ်တိုးလို့ 
နိုးထလွန့် လူး၊ လေတွင်မြူးပေါ့ ။
*
မျက်နှာစိမ်းနှင့်
ရှောင်တိမ်းမေ့သွား၊ ဧည့်သည်များငဲ့ 
ပန်းများပွင့်ရာ ရောက်လာတတ်ပြီး
ကမ္ဘာအသစ်၊ ရှာဖွေလှစ်၍
ချစ်ကြင်ကြည်မွေ့ ၊ သင်းဓလေ့ကို
ရွက်ခြောက်အိုက၊ ဖူးပွင့်ပြကာ
ကြိုဆိုပါသည်.....
လာလော့ဧည့်သည်၊ အို...ဧည့်သည် ။။။
*

မင်းပြားမြတ်သောင်း

မိုးသောက်နံနက်၊ အာရုဏ်တက်မှ
ညဥ့်နက်သန်းခေါင်၊ ရောင်နီလင်းဖြာ
နာရီစက်ဝန်း၊ လည်ပတ်ယွန်းလျက်
ထိုတရက်တွင်၊ သင်တို့ ငါတို့ 
ဘာလုပ်နေကြပါသနည်း...။
*
စီးပွားဥစ္စာ၊ ဘာဝနာနှင့်
ဒါနအလှူ၊ ပညာယူလျက်
အကျိုးသက်ရောက်ခဲ့သလော...။
*
ကိုယ့်ရပ်ကိုယ့်ရွာ၊ ကိုယ့်ပြည်သာဖို့ 
သာမှုနာမှု၊ ပြုပါ၏လော...။
*
သောက်စားမြူးထူး၊ အပျော်ကြူးလျက်
ရူးမူးလျှောက်လည်နေသလော...။
*
အတင်းအဖျင်း၊ လေကြောခင်းကာ
ငြင်းခုံဝေဖန်နေသလော...။
*
တွေဝေငေးမော အပျင်းတောဝယ်
ကျောခင်းလဲလျောင်း နေသလော...။
*
အချိန်ဟူကား၊ ရွေ့ ရွေ့ သွားလျက်
အစားထိုးမရ၊ ကုန်ဆုံးရ၏
တွေးဆမျှော်လျက်၊ ထိုတရက်၌
ကျိုးသက်ရောက်၏၊ ရှိမရှိကို
အသိချိန်ချင့်
ဆန်းစစ်သင့်ပြီလေတကား...။။။
*****
မေဃမင်းသူရိန်

ရခိုင်ဒေသ၊ ကျော်ကြားလှသည့်
ရိုးမတံတိုင်း၊ အပြိုင်းပြိုင်းနှင့်
ရှုတိုင်းသာယာ၊ ရေဇလာသည်
ဖြူပြာလှိုင်းကြွ၊ တဖြဖြ ။
*
ရခိုင်ဒေသ၊ ရှုတိုင်းလှသည့်
မြစ်မလေးသွယ်၊ မြစ်ငယ်ပေါင်းဆက်
တိုးတက်ဖြိုးစည်၊ ကျွန်းပတ်လည်၌
ဖြစ်တည်ဝေဖြော၊ မြလယ်ယာတို့ 
ပြည်ရွာနှံ့ ထွေ ဘဏ္ဍာငွေ ။
*
ရခိုင်ဒေသ၊ သာယာလှသည့်
စိမ်းမြမြသွင်၊ သန့် စင်ကြည်လွန်း
လခြမ်းထင်ပေါ်၊ ပင်လယ်အော်သည်
ဖော်ကျူးသာစွ၊ ဂုဏ်ပြည့်ဝ ။
*
ရခိုင်ဒေသ၊ ဖော်ရွေကြသည့်
ရွှင်ပျဆီးကြို၊ သဒ္စါပို၍
ရွှေအိုဘုရား၊ စေတီများနှင့်
ထူးခြားဆန်းကြယ်၊ အံ့ဖွယ်တည်ရာ
သာသနာမြတ်၊ ထွန်းတောက်လတ်သည့်
ရှေးခေတ်သက်သေ သဇင်မြေ.....။။။
*
ထက်အောင်လင်း

ရခိုင်သား ... အနောက်သား
ချောင်းသား ... ရမ်းဗြဲသား
ခွဲခြားသတ်မှတ် ... နေတတ်ခဲ့ငါ...။
*
အ၀ကျွန်းသား ... မာန်အောင်သား
မြောက်ပိုင်းသား ... တောင်ပိုင်းသား
ဘောင်ခြားသတ်မှတ် ... နေတတ်ခဲ့ငါ...။
*
သမိုင်းစဉ်လာ ... ကိုယ့်ရိုးရာကို
ဖွေရှာဆန်းစစ် ... လေ့လာဖြစ်တော့
သွေးစစ်မျိုးရင်း ... အူတုံဆင်းတို့ 
အချင်းချင်းမြင်မှား ... တစိမ်းသားလို
ခွဲခြားနိမ့်ချ ... သုံးမကျသည့်
အတ္တသဲသဲ ... မာန်ကဲကဲနှင့်
အိုင်ထဲမှဖားငယ် ... မြင်မကျယ်သို့ 
'နယ်မြေ' ' ပြောမှု ' အကြောင်းပြု၍
မျိုးစုပိုင်းခြား ... မှားကြီးမှားမှန်း
ပြတ်သားတွေးဆ ... အသိရခဲ့...။
*
နာမမွှေးကြိုင် ... ပြည်မဏ္ဍိုင်မှာ
ရခိုင်သား ... ရမ်းဗြဲသား ... မခွဲခြားတော့...။
အ၀ကျွန်းသား ... ချောင်းသား ... မခွဲခြားတော့...
နောက်သား ... မာန်အောင်သား ... ဘောင်မခြားတော့...
မြောက်ပိုင်းသား ... တောင်ပိုင်းသား ... ဘောင်မခြားတော့ ...
*
ပြည်သားပီပီ ... လေးဝတီမှ
ညီနောင်အများ ... ကိုယ့်သွေးသားကို
ခွဲခြားသတ်မှတ် ... မနေအပ်တော့
ရှက်တတ်လာသည့်ငါ....။။။။
*****
ခိုင်လင်းမောင် ( ပန်းမြိုင်လယ် )

သူ့ ဘ၀သည်
စိမ်းမြစိုလန်း နုပျိုဆန်း၍
ခက်ပန်းဝေေ၀ သီးလှိုင်စွေခိုက်
( ခွန် )ခွန်းချွေငှက်ကျေး သံစုံတေးနှင့်
သီကြွေးပျော်စံ သူ့ သဏ္ဍာန်ကား
ပြုံးဟန်ရောစွက် ပီတိဖက်၏။
*
ခရီးသွားလာ သူများစွာလည်း
ခက်ဖြာအေးရိပ် ပန်းဖြေအိပ်ရင်း
ချွေးသိပ်ခိုနား သီးချိုစားကာ
သူ့ အား အမွှမ်းတင်ခဲ့သည်။
*
လေပြင်းရိုက်ချက် ၀ဲဂယက်ကြောင့်
ခက်လက်ပဲ့ကြွေ အသီးမြေခ
ရိုးပြိုင်ထလျက် မလှဘဝ
အိုရွက်တွသော် ကျေးကမသီ
ဟိုဆီအဝေး စွန့် ခွာပြေးကြ
စုဝေးလာရောက် တစ်ထောက်ခိုနား
လူအများလည်း သူ့ နားမကပ်
လက်ရပ်မခေါ် အဖော်မပြု
ရှောင်ကွင်းမှုကြောင့်
သူ့ ဇတ်တစ်ခန်း ခွေညှိုးနွမ်းသည်
အလွမ်းရင်မှာ တင်သတည်း ။။။
*
သန်းခိုင်အောင်


Back to TOP